တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Tsinghua University, School of Environment (SOE) ကနေ စီစဉ်ကျင်းပမယ့် ၂ ပတ်တာ Summer School အစီအစဉ်လေးကို မျှဝေပေးချင်ပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံတကာက ကျောင်းသားတွေအတွက် တရုတ်နိုင်ငံရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုကို အနီးကပ် လေ့လာဖလှယ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
အစီအစဉ် အသေးစိတ်
- နေရာ: ပေကျင်းမြို့၊ တရုတ်နိုင်ငံ
- ကာလ: 3 July မှ 17 July 2026 အထိ
- အဓိက ခေါင်းစဉ်: Carbon Neutrality & Environmental Protection (ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး)
- ရရှိနိုင်မည့် အကျိုးကျေးဇူး: Tsinghua SOE Certificate နှင့် အမှတ် (၂) Credits ရရှိပါမည်။
ပါဝင်မည့် လှုပ်ရှားမှုများ
- ထိပ်တန်းဆရာများ၏ သင်ခန်းစာများ
- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နေရာများနှင့် ဓာတ်ခွဲခန်းများသို့ လေ့လာရေးခရီးစဉ်များ
- SDG Innovation နှင့် Projects များ
- တရုတ်ရိုးရာ အနုပညာနှင့် ယဉ်ကျေးမှု ဖလှယ်ပွဲများ
- ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားများ
ရရှိနိုင်မည့် ပံ့ပိုးမှုများ (Scholarship Coverage)
- မှတ်ပုံတင်ကြေး: လုံးဝပေးသွင်းရန် မလိုပါ။
- နေထိုင်စားသောက်စရိတ်: ပေကျင်းမြို့တွင် နေထိုင်စားသောက်စရိတ် အားလုံးကို China Scholarship Council မှ အပြည့်အဝ ပံ့ပိုးပေးသွားမည် ဖြစ်ပါတယ်။
လျှောက်ထားနိုင်သူများ (Eligibility)
- လက်ရှိ ဘွဲ့ကြို (Undergraduate) သို့မဟုတ် မဟာဘွဲ့ (Master’s) တက်ရောက်နေသူများ ဖြစ်ရပါမည်။
- သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သော ဘာသာရပ်များ လေ့လာနေသူများကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပါတယ်။
နောက်ဆုံးလျှောက်ထားရန် (Deadlines)
- ပထမအဆင့် (1st Round): 15 April 2026 တွင် ပိတ်မည်။
- ဒုတိယအဆင့် (2nd Round): 10 May 2026 တွင် နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
💡 အကြံပြုချက်: ပထမအဆင့် လျှောက်လွှာပိတ်ရက် ကျော်လွန်သွားပါကလည်း ဒုတိယအဆင့် (မေလ ၁၀ ရက်) အတွက် အချိန်ရသေးတာမို့ လိုအပ်တာတွေ သေချာ ပြင်ဆင်ပြီး လျှောက်ထားနိုင်ပါတယ်။
🔗 အသေးစိတ်လေ့လာရန်နှင့် လျှောက်ထားရန်: Tsinghua University SOE Official Announcement